Saturday, July 20, 2019

လူယုတ်မာတွေအသက်ရှည်ပါစေ *********************** တစ်ခါတုန်းက ဘုန်းကြီးတစ်ပါး တောရ ဆောက်တည်နေ၏၊ နေ့စဉ်နေ့တိုင်း တရားအားထုတ်မေတ္တာပွား၍သာ အများအားဖြင့် နေလေ၏၊ တစ်နေ့တွင် အာရုဏ်ရောင်သန်း၍ လင်းဘက်ရောက်သော် မေတ္တာပို့လေသည်။ မေတ္တာပို့ပုံက... "လူယုတ်မာတွေ အသက်ရှည်ကြပါစေ.... သူတော်ကောင်းတွေ အသက်တိုကြပါစေ.." -ဟု မေတ္တာပို့လေသည်..။ " ဆရာတော်ကြီး မေတ္တာပို့နေချိန်ဝယ် သူခိုးမိုးမှောင် က ကျောင်းအောက်မှာ ခိုးဖို့ရောက်နေ၏၊ 'ဆရာတော်...မေတ္တာပို့ပုံက ဆန်းကြယ်လှ၏၊ လွဲများ နေရောသလား...၊ တကယ်ဆို သူတော်ကောင်း တွေ အသက်ရှည်ကပါစေ..'သာဖြစ်သင့်တယ်၊ ကဲလေ. ..ငါလည်း ဘုန်းကြီးကျောင်း ခိုးဖို့လာတာ၊ ကြုံတုန်း ဆရာတော်ကို တက်လျှာက်ဦးမှ" -ကြံကာ ကျောင်းပေါ် တက်သွားလေသည်။ ကျောင်းပေါ်တက်၍တံခါးကို ခေါက်လိုက်၏၊ တံခါးခေါက်သံ ကြားသော် ဆရာတော်ကြီးက တံခါး- ဖွင့်ပေး၍... " ဟဲ့.ဒကာ..ဘာကိစ္စနဲ့ လာသလဲ "ဟု မေးလေ၏၊ သူခိုးက... "မှန်လှပါဘုရား..ဆရာတော် မေတ္တာပို့သံ ကြားလို့ ထူးခြားနေ၍ လာပါသည် ဘုရား" -ဟု လျှောက်ထား၏။ "ဟဲ့ဒကာ... ဘာထူးလို့တုန်း"-ဟု မေး၏၊ သူခိုးက... "မှန်လှပါ .'လူယုတ်မာတွေ အသက်ရှည်ကြပါစေ... သူတော်ကောင်းတွေ အသက်တိုကြပါစေ- လို့ ဆရာတော်မေတ္တာပို့တာ မှားများ နေသလားလို့ ပါ ဘုရား.." ဟုဆိုလေသည်။ ထိုအခါ ဆရာတော်ကြီးက... "ဟဲ့ဒကာ.. ဆရာတော် မမှားပါဘူးကွယ်. .'သူယုတ်မာများ အသက်ရှည်ကြပါစေ'ဆိုတာက လူယုတ်မာများဆိုတာ 'လူ့ပြည်တစ်ခါရောက်က တစ်ခေါက်မပြန်' ဆိုတဲ့ အမျိုးမို့လူပြည်ရောက်တုန်း ရောက်ခိုက် ဝဝလင်လင် နေသွားကြပါစေ'လို့ မေတ္တာ ပို့ပါတယ်။ 'သူတော်ကောင်းတွေ အသက်တိုကြပါစေ' ဆိုတာက သူတော်ကောင်းများမှာ 'အသက်တိုလေ နိဗ္ဗာန်နှင့် နီးလေ' ဖြစ်၍ ဆုတောင်းမေတ္တာပို့တာ" -ဟု ဆိုလေသည်။ သူခိုးမိုးမှောင်က... " သြော် ဒီလိုဆိုတော့ ဆရာတော်မေတ္တာအမှန်သား" -ဟု ဆိုကာ ... "တပည့်တော်.. ညလူဆိုးသူခိုးပါဘုရား၊ဒီကနေ့ကပြီး ဆရာတော် မေတ္တာရိပ်ကို ခိုလှုံတဲ့အနေနဲ့ သူခိုးဘဝကို အကျိုးမရ၍ စွန့်လွှတ်ပါပြီဘုရား.." ဟု -လျောက်ထားကာ ပြန်သွားလေသည်။... သာယာချမ်းမြ့ကြပါစေ သစ္စာနီ Crd(ဧဝံမေ သုတံ) ဓမ္မနဒီ .


via အလင်းရောင် ဓမ္မ https://ift.tt/30Jro9i