Saturday, July 20, 2019

🖍#တရားမပါသောနေ့တစ်နေ့🖍 တရားမပါဘဲ တစ်ရက်အသက်ရှင်ရင် တစ်ရက်အကြွေးတင်တယ်။ တရားမရှိဘဲ တစ်ရက်ဆက်နေရင် တစ်ရက်အတိုးအညွှန့်တက်တယ်။ အာရုံတစ်ခုခုကိုတရားနဲ့ယှဉ်စပ်သုံးသပ်ခြင်းမရှိဘဲ အလွတ်ခံစားမိနေရင်- သာယာတပ်စွဲမှုပေါ်လာပြီး ကံသုံးပါး တစ်ပါးပါးဖြင့်ကျူးလွန်မိတတ်ပါတယ်။ မုန်း ငြိုး ပြစ်မှားမှုပေါ်လာပြီး ပြစ်မှား ကျူးလွန်တတ်ပါတယ်။ မသိမှုခံရပြီးတော့လည်း ပြစ်မှားကျူးလွန်မိတတ်ပါတယ်။ သာယာမှုနဲ့ပြစ်မှားနေရင်ဘေးကမသိသော်လည်း မိမိကိုယ်တိုင်တော့သိနေလောက်ပါတယ်။ မုန်းငြိုးမှုနဲ့ပြစ်မှားနေပြန်ရင်တော့ ဘေးက သိလွယ်မြင်လွယ်ပါတယ်။ မသိမှုနဲ့ပြစ်မှားနေရင်တော့ ဘေးကမဆိုထားဘိ မိမိကိုယ်တိုင်တောင်မသိလိုက်ရတော့ပါဘူး။ တရားမပါတဲ့နေ့တစ်နေ့ဟာ ဘယ်လောက်အပြစ်ကြီးနေပြီလဲ။ အယုတ်အလတ်အမြတ်တို့အပေါ် ပြစ်မှားခဲ့သမျှကိန်းဂဏန်းချကြည့်ရင် အကြွေးစာရင်းကကြောက်ဖွယ်လိလိ။ တရားဆိုတဲ့အသိမရမချင်း တစ်သံသရာလုံး ကြွေးဆပ်နေရလိမ့်မယ်နော်။။။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး credit :


via အလင်းရောင် ဓမ္မ https://ift.tt/2JRT30R