Thursday, July 18, 2019

'' အပေါင်းအသင်း '' ပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ သင်မပေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။ ကျွေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ သင်မကျွေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။ ကူညီနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ သင်မကူညီနိုင်တဲ့တနေ့ ပစ်သွားမှာပါ။ ခိုင်းသ၍ လုပ်ပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ သူခိုင်းသ၍ သင်မလုပ်ပေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။ ချေး ငှါး နိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ သင်မချေး မငှါးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။ တကယ်တော့ သူငယ်ချင်းဆိုတာ ပေးဆပ်နိုင်မှုနဲ့ မရင်းနှီးပါနဲ့ ရယူမှုနဲ့ မရင်းနှီးပါနဲ့ မေတ္တာနဲ့ရင်းနှီးပါ နားလည်မှုနဲ့ ပေါင်းသင်းပါ စာနာစိတ်နဲ့ မိတ်ဖွဲ့ပါ ညာတာစိတ်နဲ့ လက်တွဲပါ အစားကောင်းစားရတိုင်း သတိရပါ အသိတရားကောင်းရရှိတိုင်း ဝေငှပါ ပျော်စရာတွေ့တိုင်း လှမ်းခေါ်ပါ စိတ်ညစ်စရာတွေ့တိုင်း တိုင်ပင်ပါ ဝမ်းနည်းစရာတွေ့တိုင်း ဖွင့်ဟပါ သူဆီက ဆိုတဲ့ ရလိုမှုတွေ ဖျောက်ပစ်ပါ ဘာတွေ ဘယ်လိုကြုံကြုံ ဘဝက ခဏလေးပါ ကိုယ့်ရဲ့ အတ္တစိတ်ကြောင့် မာန်မာနတွေကြောင့် သူငယ်ချင်းကောင်းတွေကိုတော့ လက်မလွတ်လိုက်ရပါစေနဲ့........ #Credit;


via အလင်းရောင် ဓမ္မ https://ift.tt/2JRFPRK