Tuesday, July 16, 2019

ဝိပဿနာအလုပ်သည်...... နိဗ္ဗာန်သို့ ဖြောင့်ဖြောင့် သွားသည့်အလုပ် 🌷🌲🌷🌲🌷🌲🌷🌲🌷🌲🌷🌲 ခန္ဓာမှာပေါ်လာတဲ့ ဝေဒနာသုံးပါးဟာ အာရုံနဲ့ဒွါရ ပေါင်းဆုံးကြလို့ ပေါ်လာရတာဖြစ်ခြင်းကြောင့် ဝေဒနာတွေဟာ သင်္ခါရတွေချည်းသာဖြစ်တယ်။ သင်္ခါရတရားတို့သည် အကြောင်းတိုက်ဆိုင်မှ ပေါ် လာရတာဖြစ်ခြင်းကြောင့် "မိမိတို့နှင့်ဘာမှမဆိုင်၊ မိမိတို့ကိုယ်တိုင်ပြုပြင်ထားတာလည်းမဟုတ်၊မိမိ တို့ပိုင်ဆိုင်လို့လည်းမရ၊ ပိုင်လည်းမပိုင်ဘူး"။ သင်္ခါရတရားတို့သည် အကြောင်းတိုက်ဆိုင်တဲ့ အခါပေါ်ပြီး ပျောက်မယ်။ ဖြစ်ပြီးပျက်မယ်။ အကြောင်းတရားတွေမတိုက်ဆိုင်တဲ့အခါ၊ ချုပ် တဲ့အခါ နိဗ္ဗာန်မျက်မှောက်ပြုရမှာဖြစ်တယ်။ ဒီတော့ သင်္ခါရတရားဟာ "အနိစ္စ"မှာလမ်းဆုံး တယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက"သဗ္ဗေသင်္ခါရာ အနိစ္စာ"လို့ ဟောတော်မူခဲ့ခြင်းဖြစ်တယ်။ ရူပက္ခန္ဓာကိုယ်ကြီးဟာ ဇရပ်နဲ့တူတယ်။ ခန္ဓာကိုယ် ဇရပ်ကြီးထဲမှာ ဝေဒနာသုံးမျိုးတစ်မျိုးမျိုးဟာ သူ့ အကြောင်းတိုက်ဆိုင်ရင် ပေါ်လာတယ်။ ပေါ်လာ တော့ ဒီဝေဒနာတွေဟာ ဧည့်​သည်တွေသာဖြစ်ကြတယ် ခန္ဓာဇရပ်ကြီးရှိတော့"သုခ၊ဒုက္ခ၊ဥပေက္ခာ"ဆိုတဲ့ ဧည့်​ သည်သုံးယောက် တစ်ယောက်ပြီး တစ်ယောက်ဝင် ဝင်လည်ကြတယ်။ ပြီးရင် ပြန်သွားကြတယ်။ အ ကြောင်းတိုက်ဆိုင်လို့ ခန္ဓာဇရပ်ကြီးမှာ ခဏဝင်လည် ကြတာ သူ့ကိစ္စပြီးရင် ပြန်သွားကြမှာဖြစ်တယ်။ ဝေဒနာဧသည်တွေကို မိမိတို့က ပညာမဂ္ဂင် ၂ပါး၊ သမာဓိမဂ္ဂင် ၃ပါးနဲ့ စောင့်ကြည့်နေရမယ်။ ဒါကို ဝိပဿနာရှုတယ်လို့ခေါ်တယ်။ ဒီလို မဂ္ဂင် ၅ပါးနဲ့ စောင့်ကြည့်တဲ့အခါ သူလာတာလည်းသိနေမယ်။ သူပြန်သွားလို့်မရှိတော့တာလည်း သိနေမယ်။ ဒီ တော့ ဝိပဿနာဆိုတာ မရှိတာကို သိနေတာဖြစ် တယ်။ မရှိတာက ဝေဒနာသုံးပါး။ သိနေတာက မဂ္ဂင် ၅ပါးရှုဉာဏ်တရား။ ဒီ ပညာမဂ္ဂင် ၂ပါး။ သမာဓိမဂ္ဂင် ၃ပါးဟာ "ဟေတွဋ္ဌ"နိဗ္ဗာန်သို့ ဖြောင့် ဖြောင့်ကြီးသွားတဲ့ တရားပဲ။ "နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ" နိဗ္ဗာန်သို့သွားတတ်သော ကြောင့် မဂ်မည်၏ ဒေသနာနဲ့လည်းညီတယ်။ နိဗ္ဗာန်ကို ဖြောင့်ဖြောင့်မတ်မတ်သွားတဲ့ မဂ္ဂင်ကို ၃၁ ဘုံအတွင်း ကွေ့ကောက်လှည့်လည်သွားနေ တဲ့"တဏှာ"က ကန့်ကွက်ချုပ်ချယ်လို့ မရဘူး။ ဝေဒနာလေးတွေဖြစ်ပြီးပျက်သွားတာကို ဉာဏ် ဖြင့်မြင်လိုက်ပြီဆိုရင် ဝေဒနာနောက်က လိုက် သွားတဲ့ "ဒိဋ္ဌိနဲ့ယှဉ်တဲ့တဏှာ"ဟာ ချုပ်သွားတယ်။ ဒါဆို "ဒိဋ္ဌိနဲယှဉ်တဲ့တဏှာ"သေသွားပါပြီ။ ဘာလို့ လဲဆိုရင် "တဏှာဖြစ်မယ့်နေရာမှာ မဂ်ပေါ်လို့်ဖြစ် တယ်"။ မဂ်ရောက်နေတော့ တဏှာလာခွင့်မရ တော့ဘူး။ မလာတော့ဘူး။ တဏှာချုပ်ပျောက် သွားတယ်။ ဒီတော့ မဂ္ဂင်ဟာ "တဏှာကိုသတ်ပြီးတော့ နိဗ္ဗာန် သို့ ဖြောင့်ဖြောင့်သွားတတ်တဲ့ သူ့သဘောအတိုင်း နိဗ္ဗာန်ကို ဖြောင့်ဖြောင့်ကြီးသွားပြီ။ ဒီတော့ မဂ္ဂင် ဟာ တဏှာကိုလည်းသတ်တယ်။နိဗ္ဗာန်သို့လည်း ဖြောင့်ဖြောင့်သွားတယ်။ ဒါကြောင့် ဝိပဿနာအ လုပ်ဟာ နိဗ္ဗာန်ကို ဖြောင့်ဖြောင့်မတ်မတ်သွားတဲ့ အလုပ်လို့မှတ်ရမယ်။ ။ မှတ်ချက်# တရားရှုမှတ်နေသည့်အခါ သီလမဂ္ဂင် ၃ပါးပြည့်စုံနေ၏။ ယထာဘူတခေမိန္ဒ 13/7/2019


via အလင်းရောင် ဓမ္မ https://ift.tt/2SmB2vI