အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, July 20, 2019
═════════ ကံကောင်းလိုသော် ═════════ . ကံကောင်းချင်တဲ့သူဟာ ကုသိုလ်များများ လုပ်ဖို့လိုပါတယ်။ ကုသိုလ်လုပ်ခြင်းဟာ အကောင်းလုပ်ခြင်းဖြစ်တဲ့အတွက် အလုပ်ကောင်းခြင်းပဲဖြစ်ပါတယ်။ အလုပ်ကောင်းရင် အကျိုးပေးကောင်းမှာဖြစ်ပြီး အကျိုးပေးကောင်းခြင်းဟာ ကံကောင်းခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ဘယ်သူကမှလုပ်ပေးလို့ ဖြစ်လာခြင်းမဟုတ်ပဲ ကိုယ်ကိုယ်တိုင် လုပ်ခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကံကောင်းချင်ရင် ဘာဗေဒင် ယတြာ မှမလိုပဲ ကုသိုလ် ကောင်းမှုပဲ များများဖိလုပ်ကြဖို့ လိုအပ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်.....။ မနာပဒါယီ အရှင်ဝိစိတ္တ( ဒိုက်ဦး ) . . {ပဋ္ဌာန်းပူဇော်ကြသူမျာ} .
via အလင်းရောင် ဓမ္မ https://ift.tt/2SooMuo
Newer Post
Older Post
Home